
ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ လီဗာပူးလ်နောက်ခံလူဟောင်း အာနိုးလ်ဟာ မက်ဒရစ်ကို မန်ချက်စတာလေဆိပ်ကနေ ထွက်ခွာသွားခဲ့တဲ့အပေါ် လီဗာပူးလ်ရဲ့ဂျွန်လန်နွန်လေဆိပ်က လူမှုကွန်ရက် X ကနေ လှောင်ပြောင်ခဲ့ပါတယ်။
အာနိုးလ်ဟာ မက်ဒရစ်ကို စတင်ခရီးသွားရာကနေ စာချုပ်ချုပ်ဆို၊ မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်တဲ့အထိ ဗီဒီယိုမှတ်တမ်းကို သူ့ရဲ့ X စာမျက်နှာမှာ တင်ခဲ့တာပါ။
လီဗာပူးလ်လေဆိပ်က ဒီဗီဒီယိုမှတ်တမ်းကို ''မန်ချက်စတာကတောင် သူ ထွက်ပြေးသွားခဲ့တယ်လို့''ရေးသားကာ Snake Emoji နဲ့အတူ ပြန်လည်မျှဝေခဲ့ပါတယ်။
နောက်ပိုင်းမှာ စာသားအနည်းငယ်ပြင်ကာ Snake Emoji နေရာမှာလည်း Eyeroll Emoji နဲ့ အစားထိုးခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးလ်လေဆိပ်ရဲ့ မူလ Post ကို လူရာပေါင်းများစွာ မြင်ခဲ့ပြီး Screenshot တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အာနိုးလ်အနေနဲ့ လီဗာပူးလ်ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ရှောင်ရှားနိုင်ဖို့ မန်ချက်စတာလေဆိပ်ကနေ ထွက်ခွာခဲ့တာဖြစ်တယ်လို့ သတင်းတချို့က သုံးသပ်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်နောက်ခံလူ အာနိုးလ်(၂၆ နှစ်)ဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၁၂ ဝတ်ဆင်မှာဖြစ်ပါတယ်။