
စပါးအသင်းက အစ္စရေးတိုက်စစ်မှူး မာနော်ဆော်လမွန်ဟာ မိခင်နိုင်ငံမှာ မင်္ဂလာပြန်ဆောင်ပြီးနောက် အစ္စရေး-အီရန် စစ်ပွဲကြောင့် နိုင်ငံအတွင်းကနေ ပြန်လည်ထွက်ခွာမရ ဖြစ်နေပါတယ်။
ဆော်လမွန်ဟာ သူနဲ့ ခုနစ်ကြာလက်တွဲခဲ့တဲ့ ချစ်သူ ဒါနာဗော်ရှီနာနဲ့ လက်ထပ်ခဲ့တာပါ။
ကြင်စဦးဇနီးမောင်နှံဟာ သူတို့ရဲ့မင်္ဂလာပွဲနေ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို လူမှုကွန်ရက်မှာလည်း တင်ခဲ့ပါတယ်။
မင်္ဂလာပွဲအခမ်းအနားကိုတော့ အစ္စရေးမှာရှိတဲ့ Kahi Events Resort မှာ ပြုလုပ်ခဲ့တာဖြစ်တယ်။
ဆော်လမွန်နဲ့ သူ့ရဲ့ဇနီးဟာ ပြည်ပထွက်တဲ့ လေကြောင်းလိုင်းတွေ မရှိတော့လို့ အစ္စရေးမှာပဲ သောင်တင်နေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
ဆော်လမွန်ဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်းမှာ အငှားသွားကစားပြီး အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပါတယ်။