
◘ ဖလူမင်နိစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဇွန်လ ၁၇ ရက် ည ၁၀:၃၀ နာရီ)
ဖလူမင်နိစ်အသင်းမှာ ဆီဗီလာကစားသမားဟောင်း ဂန်ဆိုလောက်ပဲ လူသိများတဲ့သူ ပါပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ၂၀ သင်းအနက် အဆင့် ၁၃ သာရခဲ့သလို၊ လက်ရှိရာသီမှာတော့ အဆင့် ၆ နေရာ ရပ်တည်နေပါတယ်။ ဒေါ့မွန်က အသင်းလိုက်စုဖွဲ့မှု သိပ်မကောင်းပေမဲ့ မမျှော်လင့်တာတွေ လုပ်ပြနိုင်တဲ့ အင်အားစုကိုတော့ ပိုင်ဆိုင်ထားပါတယ်။ ဘွန်ဒစ်လီဂါမှာ ချန်ပီယံလိဂ်ဝင်ခွင့် အရယူသွားတဲ့ ယုံကြည်မှုနဲ့ စွမ်းဆောင်ရည်ကိုတော့ အသိအမှတ်ပြုရလိမ့်မယ်။ ဒေါ့မွန်ကိုပဲ ရွေးချယ်
ချင်တယ်။
◘ မွန်တာရေး - အင်တာမီလန် (မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် နံနက် ၇:၃၀ နာရီ)
မွန်တာရေးအသင်းမှာ ရီးယဲလ်ကစားသမားဟောင်းတွေဖြစ်တဲ့ ရာမို့စ်နဲ့ ကာနာလက်စ်၊ ဆီဗီလာကစားသမားဟောင်း အိုကမ်ပို့စ်တို့ ရှိနေပါတယ်။ အင်တာမီလန်အသင်းကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအရှုံးကို ကုစားရမှာပါ။ အင်တာမီလန် ဂိုးပြတ်၊ မပြတ်ပဲ
ကြည့်ရမယ်။
◘ အခြားပွဲစဉ်များ
*ရေးဗားပလိတ် - အူရာဝရတ် (မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
*အူလ်ဆန် - မာမယ်လိုဒီ (မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် နံနက် ၄:၃၀ နာရီ)