
၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု (C) ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စုသုံးပွဲစလုံး ပထမပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
အုပ္စု (C) မွာ မြန်မာ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ တာ့ခ်မင်နစ္စတန်အသင်းတို့ ပါ၀င်နေပြီး ဇွန် ၂၉ ရက်၊ ဇူလိုင် ၂၊ ၅ ရက်မှာ ရန်ကုန်မြို့ သု၀ဏ္ဏကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
အုပ်စု (C) ပွဲစဉ်တွေအဖြစ် ဇွန် ၂၉ ရက် ညနေ ၄ နာရီမှာ မြန်မာအသင်းနဲ့ တာ့ခ်မင်နစ္စတန်အသင်း၊ ည ၇ နာရီမွာ ဘာရိန်းအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်အသင်း၊ ဇူလိုင် ၂ ရက် ညနေ ၄ နာရီမွာ မြန်မာအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်အသင်း၊ ည ၇ နာရီမှာ တာ့ခ်မင်နစ္စတန်အသင်းနဲ့ ဘာရိန်းအသင်း၊ ဇူလိုင် ၅ ရက် ညနေ ၄ နာရီမှာ မြန်မာအသင်းနဲ့ ဘာရိန်းအသင်း၊ ည ၇ နာရီမှာ ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ တာ့ခ်မင်နစ္စတန်အသင်း ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) မှာ အီရန်၊ ဂျော်ဒန်၊ လက်ဘနွန်၊ စင်ကာပူ၊ ဘူတန်၊ အုပ်စု (B) မှာ ထိုင်း၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ တီမော၊ အီရတ်၊ အုပ်စု (C) မှာ မြန်မာ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တာ့ခ်မင်နစ္စတန်၊ အုပ်စု (D)မှာ တရုတ်တိုင်ပေ၊ အင်ဒိုနီးရှား၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ အုပ်စု (E)မှာ ဗီယက်နမ်၊ ဂူအမ်၊ ယူအေအီး၊ မော်လ်ဒိုက်၊ အုပ်စု (F)မှာ ဥဇဘက်ကစ္စတန်၊ နီပေါ၊ လာအို၊ သီရိလင်္ကာ၊ အုပ်စု (G) မှာ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဆော်ဒီအာရေဗျ၊ အုပ်စု (H) မှာ မြောက်ကိုရီးယား၊ မေလးရှား၊ ပါလက်စတိုင်းနဲ့ တာဂျစ်ကစ္စတန်အသင်းတို့ ပါ၀င်နေပါတယ်။
ခြေစစ်ပွဲကျင်းပမယ့်ပုံစံအရ အုပ်စုတစ်ခုစီက ထိပ်ဆုံးတစ်သင်းစီပဲ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။