
မန်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဂျာစီသစ် ရိုက်နှိပ်တဲ့စာရင်းမှာ ကစားသမား နှစ်ဦး မပါဝင်ဘူးလို့ သိရပါတယ်။
ဒီကစားသမားတွေကတော့ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးကို အငှားထွက်ကစားတဲ့ ဆန်ချိုနဲ့ ဘက်တစ်ကို အငှားထွက်ကစားတဲ့ အန်တိုနီတို့ပဲ ဖြစ်ပါတယ်။
ယူနိုက်တက်စတိုးဝက်ဘ်ဆိုက်မှာ ဒီကစားသမားတွေအမည်နဲ့ ဂျာစီ မပါဝင်တာဖြစ်တယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။
နှစ်ဦးစလုံးဟာ အခုရာသီမှာလည်း အငှား သို့မဟုတ် အပြီးထွက်ခွာဖို့ ရှိနေပါတယ်။
ဗီလာမှာ အငှားကစားခဲ့တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ ဂါနာချိုတို့ အမည်တွေကိုတော့ ရိုက်နှိပ်ခဲ့ပါတယ်။
ဂါနာချိုကို ပရီးမီးယားလိဂ်နဲ့ ပြည်ပကလပ်အများအပြားက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။