Eleven Media Group

■ ဂွန်ဒိုဂန်ဆီက များစွာသင်ယူနိုင်မယ်လို့ ရိုင်ဒါစ် ပြောကြား

Photo: Manchester City

မန်စီးတီးကွင်းလယ်ကစားသမားသစ် ရိုင်ဒါစ်က သူ့အနေနဲ့ အသင်းဖော် ဂွန်ဒိုဂန်ဆီကနေ များစွာသင်ယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အသက် (၂၆) နှစ်အရွယ် ရိုင်ဒါစ်ဟာ အခုနွေမှာမှ အေစီမီလန်အသင်းကနေ မန်စီးတီးအသင်းကို ပေါင် (၄၆.၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

သူဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ ပါဝင်လာပြီး ဒီနေ့ည ကစားမယ့် ဝီဒက်အသင်းနဲ့ အုပ်စုပွဲစဉ်မှာ ပါဝင်ကစားဖွယ် ရှိနေပါတယ်။

ရိုင်ဒါစ်က သူ့အနေနဲ့ မန်စီးတီးအသင်းဖော်ဖြစ်တဲ့ ဂျာမနီဝါရင့်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ဆီကနေ များစွာ သင်ယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရိုင်ဒါစ်က "ဒီဘရိုင်နားရဲ့ ဗီဒီယိုတွေကို ကျွန်တော် အများကြီးကြည့်ဖူးပါတယ်။ ဒါပေမဲ့ ဂွန်ဒိုဂန်က ကျွန်တော့်အနေနဲ့ အများကြီးသင်ယူနိုင်မယ်လို့သူပါ။ သူနဲ့အတူ လေ့ကျင့်ခွင့်ရပြီး သူ ဘယ်လိုကစားတယ်ဆိုတာကို မြင်တွေ့ခွင့်ရတာ အရမ်းကောင်းပါတယ်"လို့ ပြောကြားခဲ့တာပါ။

ရိုင်ဒါစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၅) ဂိုး သွင်းယူခဲ့ပြီး မန်စီးတီးအသင်းမှာ ဂိုးတွေ ပိုသွင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group