
အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီက စပါးနောက်ခံကစားသမား ရိုမဲရိုးကို ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
အသက် (၂၇) နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်နောက်ခံကစားသမား ရိုမဲရိုးဟာ စပါးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာပါ။
ဒါပေမဲ့ ရိုမဲရိုးက သူ့အနေနဲ့ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ စပါးအသင်းက ထွက်ခွာလိုပြီး လာလီဂါမှာ ကစားလိုတယ်လို့ လူသိရှင်ကြား ပြောကြားထားပါတယ်။
အခုအခါ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက သူ့အနေနဲ့ အခွင့်အရေးရမယ်ဆိုရင် ရိုမဲရိုးကို လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆီမြွန်နီက "ကျွန်တော့်အနေနဲ့ ရိုမဲရိုးကို လိုချင်လားဆိုရင်တော့ လိုချင်တာပေါ့။ သူက ထိပ်တန်းကစားသမားလေ"လို့ ပြောကြားခဲ့တာပါ။
စပါးအသင်းအနေနဲ့ အသင်းရဲ့အဓိကနောက်ခံကစားသမားဖြစ်သူ ရိုမဲရိုးကို ရောင်းချလိုခြင်းမရှိပေမဲ့ မဖြစ်မနေ ရောင်းချရမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) အလိုရှှိနေတယ်လို့ သိရပါတယ်။