
လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပြီး ပွဲစဉ် (၁) မှာပဲ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် (၁၅) ရက် (သောကြာနေ့)မှာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
၂၀၂၅-၂၆ ရာသီက ပရီးမီးယားလိဂ်ရဲ့ (၃၄)ရာသီမြောက်ဖြစ်ပြီး အရင်ရာသီတွေအတိုင်းပဲ ပြိုင်ပွဲဝင်အသင်း(၂၀) ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၂၀၂၅ သြဂုတ် (၁၆)ရက်မှာ စတင်မှာဖြစ်ပြီး ၂၀၂၆ မေ (၂၄) ရက်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားမှာ ရက်သတ္တပတ်အကုန် (Weekend) တွေမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် (၃၃) ခုပါဝင်ဖြစ်ပြီး ကြားရက်(Midweek)တွေမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် (၅) ခု ပါဝင်ပါတယ်။
■ ပရီးမီးယားလိဂ်ပွဲစဉ် (၁)
လီဗာပူးလ် - ဘုန်းမောက် (၁၅-၈-၂၀၂၅)
အက်စတွန်ဗီလာ - နယူးကာဆယ် (၁၆-၈-၂၀၂၅)
ဘရိုက်တန် - ဖူလ်ဟမ် (၁၆-၈-၂၀၂၅)
နော်တင်ဟမ်ဖောရက်စ် - ဘရန့်ဖို့ဒ် (၁၆-၈-၂၀၂၅)
ဆန်းဒါးလန်း - ဝက်စ်ဟမ်း (၁၆-၈-၂၀၂၅)
စပါး - ဘန်လေ (၁၆-၈-၂၀၂၅)
ဝုလ်ဗ် - မန်စီးတီး (၁၆-၈-၂၀၂၅)
ချယ်လ်ဆီး - ခရစ္စတယ်ပဲလေ့စ် (၁၆-၈-၂၀၂၅)
မန်ချက်စတာယူနိုက်တက် - အာဆင်နယ် (၁၆-၈-၂၀၂၅)
လိဒ်စ် - အဲဗာတန် (၁၇-၈-၂၀၂၅)
Photos: Premier League & Teams' Facebook