Eleven Media Group

တားမြစ်ဆေးစည်းမျဉ်းချိုးဖောက်မှုကြောင့် မူဒရစ် (၄)နှစ်အထိ ပွဲပယ်ခံရဖွယ်ရှိနေ

Photo: Getty Images

ချယ်လ်ဆီးအသင်းရဲ့ ယူကရိန်းတောင်ပံကစားသမား မူဒရစ်ဟာ တားမြစ်ဆေးစည်းမျဉ်းချိုးဖောက်မှုကြောင့် (၄)နှစ်အထိ ပွဲပယ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
မူဒရစ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာကတည်းက ဆေးစစ်မှုမအောင်မြင်ခဲ့ဘဲ တားမြစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိခဲ့ရတာကြောင့် ဒီဇင်ဘာလကစပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်ထားတာပါ။
ဒါကြောင့် မူဒရစ်အနေနဲ့ ချယ်လ်ဆီးအသင်းအတွက် ပွဲကစားခွင့်မရတာ (၆)လ ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။
ဇွန်(၁၈)မှာတော့ FA က မူဒရစ်ကို တားမြစ်ဆေးစည်းမျဉ်းချိုးဖောက်မှုအတွက် စွဲချက်တင်ထားကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဒါကြောင့် မီဒီယာတွေက မူဒရစ်အနေနဲ့ ပွဲပယ်ပြစ်ဒဏ် (၄)နှစ်အထိ ကျခံရနိုင်တယ်လို့ သုံးသပ်ရေးသားခဲ့ကြတာပါ။
မူဒရစ်ဟာ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့မှာ ရှက်တာဒိုးနက်ကနေ ချယ်လ်ဆီးကို ယူရိုသန်း(၁၀၀)အထိ မြင့်တက်နိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ ကျောနံပါတ်(၁၀)ကို ပါလ်မာဆီ လွှဲပြောင်းပေးခဲ့ရပါပြီ။

မူရင်းသတင်း — Eleven Media Group