
လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ထွက်ပေါ်လာပြီးနောက်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရတယ်လို့ သိရပါတယ်။
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန်(၁၈)မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲကို ၂၀၂၅ သြဂုတ် (၁၅)ကနေ ၂၀၂၆ မေ(၂၄)အထိ ကျင်းပသွားမှာပါ။
နာမည်ကျော် လောင်းကစားကုမ္ပစီ Paddy Power ရဲ့ ထုတ်ပြန်မှုအရ လီဗာပူးလ်အသင်းက (၁၅း၈)လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး မန်စီးတီးက (၉း၄)လေးနဲ့ ဒုတိယနေရာ၊ အာဆင်နယ်က (၅း၂)လေးနဲ့ တတိယနေရာမှာရှိနေပါတယ်။
ဒီသုံးသင်းရဲ့နောက်မှာ နယူးကာဆယ်၊ ချယ်လ်ဆီး၊ မန်ယူနဲ့ စပါးတို့ အစဉ်လိုက်ရပ်တည်နေပြီး တန်းဆင်းရဖို့တော့ ဆန်းဒါးလန်းအသင်းက ရေပန်းအစားဆုံးဖြစ်နေပါ တယ်။
လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဥရောပပွဲ ယှဉ်ပြိုင်ရမယ့် ကလပ်အသင်း(၉)သင်းအထိ ရှိနေတာကြောင့် ပွဲစဉ်အပြောင်းအလဲလုပ်ရတာတွေ များပြားနိုင်ကြောင်းလည်း သိရပါတယ်။