
အင်တာမိုင်ယာမီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ဂျာစီအရောင်းရဆုံးကစားသမားအဖြစ် (၃)ရာသီဆက်တိုက် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ မေဂျာလိဂ်ကို စတင်ရောက်ရှိတဲ့ ၂၀၂၃ ရာသီမှာကတည်းက ဂျာစီအရောင်းရဆုံးကစားသမားဖြစ်ခဲ့ပြီး ၂၀၂၄ ရာသီနဲ့ ၂၀၂၅ ရာသီတွေမှာလည်း ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာပါ။
၂၀၂၅ ရာသီအတွက် ဂျာစီအရောင်းရဆုံး ကစားသမား(၂၅)ဦးစာရင်းကို မေဂျာလိဂ်ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့ရာမှာ မက်ဆီကပဲ နံပါတ်(၁)ဖြစ်ခဲ့ပြီး ဒုတိယနေရာမှာတော့ အသင်းဖော် ဆွာရက်ဇ်က ရပ်တည်ခဲ့ပါတယ်။
ဒီစာရင်းကို ၂၀၂၅ ဇန်နဝါရီ (၁)ရက်ကနေ မေ(၁)ရက်အထိ မှာ ရောင်းချရတဲ့ ဂျာစီအရေအတွက်အပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်တယ်လို့လည်း မေဂျာလိဂ်ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
၂၀၂၅ ရာသီအတွက် ဂျာစီအရောင်းရဆုံး ကစားသမား(၂၅)ဦးစာရင်းမှာ အင်တာမိုင်ယာမီနဲ့ ဆီယက်တယ်ဆောင်းဒါးစ်အသင်းက ကစားသမား(၄)ဦးစီ ပါဝင်ကာ အများဆုံးဖြစ်ခဲ့တာလည်း တွေ့ရပါတယ်။