Eleven Media Group

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ် ပွဲကြိုသုံးသပ်ချက်

Photo: Inter Miami

ပါးလ်မီးရပ်စ် နှင့် အယ်လ်အာလီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၀၃၀ နာရီ)

ဒီအုပ်စုက (၄)သင်းစလုံး တစ်မှတ်စီ ရရှိထားတာကြောင့် အခွင့်အရေးကိုယ်စီရှိနေသလို၊ အမှားမခံတဲ့ အနေအထားကိုယ်စီလည်း ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ပါးလ်မီးရပ်စ်က ပေါ်တိုနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ တိုက်စစ်အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ အယ်လ်အာလီကတော့ ဂိုးသမား အယ်လ်ရှီနာဝီရဲ့ လက်စွမ်းပြမှုကြောင့် အင်တာမိုင်ယာမီနဲ့ပွဲမှာ တစ်မှတ်ရခဲ့တာပါ။ ဒီတော့ ပါးလ်မီးရပ်စ်တိုက်စစ်နဲ့ အယ်လ်အာလီခံစစ် အားပြိုင်ရမယ့်ပွဲလို့လည်း သတ်မှတ်နိုင်ပါတယ်။ ပါးလ်မီးရပ်စ် (၃)မှတ်ယူမယ့်ပွဲပါ။

အင်တာမိုင်ယာမီ နှင့် ပေါ်တို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အင်တာမိုင်ယာမီက အဖွင့်ပွဲမှာ နိုင်ပွဲနဲ့ နီးစပ်ခဲ့တယ်ဆိုပေမဲ့ အယ်လ်အာလီနဲ့ ခြေစွမ်းချင်း သိပ်မကွာခဲ့ပါဘူး။ အယ်လ်အာလီကတောင် အခွင့်အရေးတွေ ပိုရခဲ့ပါသေးတယ်။ အင်တာမိုင်ယာမီမှာ အသင်းခေါင်းဆောင် မက်ဆီ ကစားနိုင်မယ်ဆိုတဲ့သတင်းကတော့ အားတက်စရာပါ။ ဒါပေမဲ့ နောက်တစ်ဆင့်တက်ဖို့ အားထည့်ကစားလာတော့မယ့် ပေါ်တိုကို ကျော်နိုင်မယ်တော့ မထင်ပါဘူး။ အပြန်အလှန်ဂိုးတွေနဲ့ ပေါ်တို အနိုင်ရမယ်လို့ ထင်ပါတယ်။

ဆီယက်တယ်ဆောင်းဒါးစ် နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် သောကြာနံနက် ၄း၃၀ နာရီ)

နှစ်သင်းစလုံးက အဖွင့်ပွဲမှာ ရှုံးပွဲတွေ့ခဲ့ကြတာကြောင့် ဒီပွဲက အရေးကြီးနေပါတယ်။ အက်သလက်တီကိုက PSG ကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ ဆီယက်တယ်နဲ့ ယှဉ်ရင်တော့ အပေါ်စီးမှာ ရှိနေပါတယ်။ အက်သလက်တီကို အနိုင်သေချာတဲ့ပွဲပါ။

PSG နှင့် ဘိုတာဖိုဂို (မြန်မာစံတော်ချိန် သောကြာနံနက် ရး၃၀ နာရီ)

အုပ်စုအဖွင့်ပွဲစဉ်မှာ ပြသခဲ့တဲ့ PSG ရဲ့ ခြေစွမ်းကတော့ ချန်ပီယံခြေစွမ်းလို့ ဆိုနိုင်လောက်ပါတယ်။ အက်သလက်တီကိုလို လာလီဂါထိပ်သီးအသင်းတစ်သင်းကိုတောင် ဂိုးပြတ်ချေမှုန်းခဲ့တာကြောင့် ဘိုတာဖိုဂိုကို အနိုင်ရဖို့လည်း မခက်ခဲပါဘူး။ PSG ရဲ့ နောက်ထပ်ဂိုးပြတ်နိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။

မူရင်းသတင်း — Eleven Media Group