Eleven Media Group

ဆော်ပေါ်လိုအသင်းကို ခရက်စပို ဒုတိယအကြိမ် ကိုင်တွယ်

Photo: Sao Paulo

အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ခရက်စပိုဟာ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းကို ဒုတိယအကြိမ် ကိုင်တွယ်တော့မှာဖြစ်ပါတယ်။
ဆော်ပေါ်လိုအသင်းက ခရက်စပိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ အတည်ပြုကြေညာခဲ့တာပါ။
ခရက်စပိုဟာ ဆော်ပေါ်လိုအသင်းကို ၂၀၂၁ ခုနှစ်တုန်းက ပထမအကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး ဆုဖလားရယူပေးနိုင်ခဲ့တာကြောင့် ဆော်ပေါ်လိုအသင်းဥက္ကဋ္ဌက ပြန်လည်လက်တွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ခရက်စပိုက ဆော်ပေါ်လိုအသင်းနဲ့ လမ်းခွဲပြီးနောက်မှာ ကာတာကလပ်နဲ့ ယူအေအီးကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးပြီး ယူအေအီးကလပ် အယ်လ်အိန်းအသင်းနဲ့ အာရှချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။
အခု ဆော်ပေါ်လိုအသင်းက ခရက်စပိုကို ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group