
ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(PFA)က ၂၀၂၅ ခုနှစ်အတွက် PFA အကောင်းဆုံးလူငယ်ကစားသမားဆုချီးမြှင့်ဖို့ ဆန်ခါတင်ကစားသမား ခြောက်ဦးစာရင်းကို ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဆန်ခါတင်ကစားသမား ခြောက်ဦးစာရင်းမှာ အာဆင်နယ်နဲ့ ဘုန်းမောက်ကစားသမားနှစ်ဦးစီပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး အစ်ဝစ်ချ်နဲ့ အက်စတွန်ဗီလာက တစ်ဦးစီ ပါဝင်ခဲ့ပါတယ်။
ပါဝင်ခဲ့တဲ့ ကစားသမားတွေက နွမ်နယ်ရီ၊ စကယ်လေ(အာဆင်နယ်)၊ ဟူဆန်၊ ကာကက်ဇ်(ဘုန်းမောက်)၊ ဒီလပ်(အစ်ဝစ်ချ်)နှင့် မော်ဂန်ရော်ဂျာစ်(အက်စတွန်ဗီလာ)တို့ပါ။
PFA က ပြီးခဲ့တဲ့ရာသီမှာ ကစားသမားတွေ ကိုယ်စားပြုကစားခဲ့တဲ့ ကလပ်အသင်းတွေနဲ့သာ ယှဉ်တွဲဖော်ပြခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒီလပ်က ချယ်လ်ဆီး၊ ဟူဆန်က ရီးယဲလ်မက်ဒရစ်ကို ရောက်နေပါပြီ။
PFA က ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁၉ မှာ ပြုလုပ်သွားမယ်လို့လည်း အတည်ပြုကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က PFA အကောင်းဆုံးလူငယ်ကစားသမားဆုကို ချယ်လ်ဆီးကစားသမား ပါလ်မာက ရရှိခဲ့ပါတယ်။
နောက်ဆုံး ဆယ်နှစ်အတွင်းမှာ အင်္ဂလန်ကစားသမားတွေက ကိုးကြိမ်ရရှိပြီး ပြည်ပကစားသမားထဲက ဂျာမန်ကစားသမား ဆာနေးတစ်ဦးသာ ရရှိခဲ့ပါတယ်။
ဒီနှစ်ဆန်ခါတင်စာရင်းမှာလည်း အင်္ဂလန်ကစားသမား လေးဦးပါဝင်နေပြီး စပိန်ကစားသမားတစ်ဦးနဲ့ ဟန်ဂေရီကစားသမားတစ်ဦး ပါဝင်နေပါတယ်။