Eleven Media Group

ဒါဝင်နူနက်ဇ်နဲ့ ခီယေဆာတို့ နာပိုလီကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီလို့ သတင်းထွက်

Photo: Getty Images

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ တောင်ပံကစားသမား ခီယေဆာတို့ဟာ နာပိုလီအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီလို့ သတင်းထွက်လာခဲ့ပါတယ်။
ဒီကစားသမားနှစ်ဦးစလုံးက လီဗာပူးလ်အသင်း ရောင်းထုတ်ဖို့ စျေးကွက်တင်ထားတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။
ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်က ဂိုးသွင်းစွမ်းရည် ကျဆင်းနေသလို၊ အီတလီတောင်ပံကစားသမား ခီယေဆာကလည်း ဒဏ်ရာပြဿနာနဲ့အတူ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် လီဗာပူးလ်အသင်းက ရောင်းထုတ်ဖို့ စီစဉ်နေတာပါ။
အခုတော့ သူတို့နှစ်ဦးစလုံးက နာပိုလီအသင်းကို ပြောင်းရွှေ့ကစားဖို့ ခေါင်းညိတ်ထားပြီလို့ သိရပါတယ်။
နာပိုလီအသင်းက နည်းပြ ကွန်တီအလိုကျ အသင်းကို အားဖြည့်ပေးဖို့ စီစဉ်နေတာကြောင့် ဒါဝင်နူးနက်ဇ်နဲ့ ခီယေဆာတို့ကို ခေါ်ယူဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group