
နယူးကာဆယ်အသင်းက မန်ယူအသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်။
ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာအသင်းထံ အငှားချခံခဲ့ရပါတယ်။
ရာသီကုန်ချိန်မှာ ပေါင်သန်း(၄၀)နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ပါဝင်ခဲ့ပေမဲ့ အက်စတွန်ဗီလာအသင်းက မခေါ်ယူခဲ့ပါဘူး။
မန်ယူအသင်းကလည်း အသင်းမှာ နေရာမပေးချင်တော့တာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေပြီး ခေါ်ယူချင်တဲ့အသင်းတွေတော့ အတော်များများရှိနေပါတယ်။
အဲဒီထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်နေပြီး မန်ယူအသင်းက ဘာစီလိုနာနောက်ခံလူ အာရူဟိုကို မျက်စိကျနေတာကြောင့် ရပ်ရှ်ဖို့ဒ်နဲ့ အလဲအထပ်လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
အခု ထပ်မံထွက်ပေါ်လာတဲ့သတင်းကတော့ နယူးကာဆယ်အသင်းက ရပ်ရှ်ဖို့ဒ်ကို ကမ်းလှမ်းမှုပြုလုပ်ဖို့ ချိန်ရွယ်နေပြီး ရပ်ရှ်ဖို့ဒ်ကသာ လိုလားခဲ့ရင် ကမ်းလှမ်းမှုပြုလုပ်မယ် ဆိုတာပါပဲ။