Eleven Media Group

■ ဂျော်အိုပတ်ဒရိုကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်း ပစ်မှတ်ထား

Photo: Getty Images

ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘရိုက်တန်တိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အသက် (၂၃) နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရိုဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၃၀) မှာ (၁၀) ဂိုးသွင်းယူခဲ့တာပါ။

သူ့ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းက စိတ်ဝင်စားပေမဲ့ တရားဝင်ကမ်းလှမ်းမှု မရှိသေးဘဲ အခု ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူကာ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်တိုက်စစ်ကစားသမား ဂစ်တန်ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ အဆင်မပြေတာကြောင့် ဂျော်အိုပတ်ဒရိုကို အစားထိုးခေါ်ယူဖို့ စီစဉ်လာတာလည်း ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဂျော်အိုပတ်ဒရိုအတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း (၆၀) အလိုရှိနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group