Eleven Media Group

■ ပေါ်တိုကို အနိုင်ရပြီးနောက် ကမ္ဘာပေါ်က အသင်းတိုင်းကို ယှဉ်နိုင်စွမ်းရှိကြောင်း အင်တာမိုင်ယာမီနည်းပြ မာရှေယာနို ကြုံးဝါး

Photo: Getty Images

အင်တာမိုင်ယာမီနည်းပြ မာရှေယာနိုက ပေါ်တိုအသင်းကို အနိုင်ရပြီးနောက် သူတို့အသင်းအနေနဲ့ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဇွန် (၁၉) ရက်က ကစားခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်မှာ ပေါ်တူဂီထိပ်သီး ပေါ်တိုအသင်းကို (၀-၁) ဂိုးနဲ့ ရှုံးနိမ့်နေပြီးမှ ပွဲအပြီးမှာ (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဒီပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်တာမိုင်ယာမီနည်းပြ မာရှေယာနိုက သူတို့အသင်းအနေနဲ့ ဘယ်အသင်းမဆို ယှဉ်နိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မာရှေယာနိုက "ပထမဆုံးအနေနဲ့ ဒီပွဲမှာ ကစားခဲ့ကြတဲ့ ကစားသမားတွေကို ကျွန်တော် ဂုဏ်ပြုကြောင်း ပြောချင်ပါတယ်။ သူတို့ ကစားတာကို ကြည့်ရတာက ပွဲရလဒ်ထက် ပိုပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းအနေနဲ့ ကမ္ဘပေါ်က ဘယ်အသင်းကို ယှဉ်ပြိုင်စွမ်းရှိကြောင်း ပြသနိုင်ခဲ့ပါတယ်"လု့ ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းအနေနဲ့ ပေါ်တိုအသင်းကို အနိုင်ရခဲ့ခြင်းမှာ အသင်းသမိုင်းမှာသာမက မေဂျာလိဂ်ပြိုင်ပွဲသမိုင်းမှာပါ အမေရိကန်ကလပ်အသင်းတစ်သင်းအနေနဲ့ တရားဝင်ပြိုင်ပွဲမှာ ဥရောပအသင်းတစ်သင်းကို အနိုင်ရခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (A) မှာ ရမှတ် (၄) မှတ်နဲ့ အဆင့် (၂) နေရာမှာ ရပ်တည်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန် (၂၃) ရက်မှာ ဇယားထိပ်ဆုံးက ဘရာဇီးလ်ကလပ် ပါးမီးရပ်စ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group