Eleven Media Group

■ အူရောင်တဲ့ ဝေဒနာကြောင့် အမ်ဘာပေ ဆေးရုံတက်နေရ

Photo: Getty Images

ရီးယဲလ်အသင်းတိုက်စစ်မှူး အမ်ဘာပေဟာ အူရောင်တဲ့ ဝေဒနာကြောင့် ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။

အမ်ဘာပေ (၂၆ နှစ်) ဟာ အဖျားရောဂါကြောင့် ပြီးခဲ့တဲ့ အင်္ဂါနေ့က ရီးယဲလ်အသင်းရဲ့လေ့ကျင့်မှုအစီအစဉ်မှာ မပါဝင်ခဲ့သလို နောက်တစ်ရက်မှာ ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်ကိုလည်း လွဲချော်ခဲ့တာပါ။

သူရဲ့ အခြေအနေကို ဇွန် (၁၉) ရက်မှာ ရီးယဲလ်အသင်းက ထုတ်ပြန်ခဲ့ပြီး အူရောင်နေတာကြောင့် ဆေးရုံတက်ကာ စစ်ဆေးမှုတွေ ပြုလုပ်နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အမ်ဘာပေအနေနဲ့ ပါချူကာအသင်းနဲ့ ကစားမယ့်ပွဲမှာလည်း ရီးယဲလ်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group