
ချန်ပီယံလိဂ် လက်ရှိချန်ပီယံ PSG အသင်းဟာ ဘာစီလိုနာနောက်ခံကစားသမား ခွန်ဒဲကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
PSG အသင်းဟာ ဥရောပဘောလုံးလောကကို ဆက်လက်စိုးမိုးလိုနေပြီး အခုနွေရာသီမှာ အသင်းရဲ့ခံစစ်ကို အဓိကအားဖြည့်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ပြင်သစ်မီဒီယာတွေရဲ့ဖော်ပြချက်အရ PSG အသင်းဟာ အခုနွေမှာ အသက် (၂၆)နှစ်အရွယ် ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား ခွန်ဒဲကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ယူရိုသန်း (၁၀၀) နဲ့ ကမ်းလှမ်းသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် ခွန်ဒဲကို ရောင်းချဖွယ်ရှိသလို၊ ကစားသမားကိုယ်တိုင်ကလည်း မှန်ကန်တဲ့ကမ်းလှမ်းမှုတွေ ရှိလာရင် အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။
PSG နည်းပြ အန်နရီကေးကလည်း ခွန်ဒဲကို ခေါ်ယူဖို့ အသင်းတာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြနေကြတာပါ။