
ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းဟာ မန်ယူနိုက်တက်ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။
သောကြာနေ့အစောပိုင်း ပြင်သစ်သတင်းတွေမှာတော့ အိုနာနာကို မိုနာကိုအသင်းက ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ ရေးသားကြပါတယ်။
ဒါပေမဲ့ အီတလီအားကစားဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက အပြောင်းအရွှေ့အတွက် နှစ်ဖက်ဆွေးနွေးမှုတောင် မရှိဘူးလို့ ပြောခဲ့ပါတယ်။
မိုနာကိုအသင်းက ဂိုးသမားတစ်ဦး ခေါ်ယူဖို့ရှိပေမဲ့ အိုနာနာကိုတော့ စိတ်မဝင်စားတာလည်းဖြစ်တယ်။
ချယ်လ်ဆီးဂိုးသမား ပတ်ထရိုဗစ်လည်း မိုနာကိုအသင်းနဲ့အတူ သတင်းထွက်ခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အိုနာနာကို ၂၀၂၃ ခုနှစ် ဇွန်လက အင်တာမီလန်အသင်းက ပေါင် ၄၇.၃ သန်းနဲ့ ခေါ်ယူခဲ့တာပါ။
မန်ယူနိုက်တက်အသင်းကတော့ အိုနာနာကို ရောင်းချမယ့်အရိပ်အယောင် ရှိနေပြီး အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို အဓိပ ပစ်မှတ်ထားနေပါတယ်။
တခြားပစ်မှတ်တွေထဲမှာ ပေါ်တိုဂိုးသမား ဒီယိုဂိုကော်စတာနဲ့ အတ္တလန်တာဂိုးသမား ကာနေးဆက်ခီတို့လည်း ပါဝင်နေပါတယ်။