Eleven Media Group

■ အာဆင်နယ်အသင်းနဲ့ နောက်ခံလူ ဆကယ်လီ စာချုပ်သစ်ချုပ်ဆိုမယ်

Photo: Premier League

အာဆင်နယ်အသင်းဟာ ဆယ်ကျော်သက်နောက်ခံလူ လူးဝစ်ဆကယ်လီကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။

ဘယ်နောက်ခံလူ ဆကယ်လီရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးပြီး ပြီးခဲ့တဲ့လတွေကတည်းက အာဆင်နယ်အသင်းနဲ့ ဆွေးနွေးခဲ့တာဖြစ်တယ်။

ဆကယ်လီ(၁၈ နှစ်)ဟာ အာဆင်နယ်အသင်းမှာပဲ သူ့ရဲ့အနာဂတ်ကို ဆက်ရှိနေဖို့ ဆုံးဖြတ်ကာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူခဲ့တာပါ။

ဆကယ်လီအနေနဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ မန်စီးတီးနဲ့ပွဲမှာ အသင်းကြီးနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်တယ်။

၎င်းဟာ အာဆင်နယ်အကယ်ဒမီမှာ ကွင်းလယ်လူတစ်ဦးအဖြစ် ကစားခဲ့ပေမဲ့ အသင်းကြီးမှာတော့ ဘယ်နောက်ခံလူအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားခဲ့ပြီး အဓိကနောက်ခံလူတစ်ဦး ဖြစ်လာခဲ့တယ်။

မတ်လနိုင်ငံတကာရက်သတ္တပတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရပြီး ပွဲဦးထွက် အယ်လ်ဘေးနီးယားကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာဂိုးသွင်းခဲ့ကာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက်မှာ ဂိုးသွင်းတဲ့
အသက်ငယ်ဆုံးကစားသမား ဖြစ်လာခဲ့တယ်။

၎င်းဟာ အခုအပတ်အစောပိုင်းက ထုတ်ပြန်တဲ့ PFA လူငယ်အကောင်းဆုံးဆုအတွက်လည်း ဆန်ခါတင်စာရင်းဝင်ထားပါတယ်။

မူရင်းသတင်း — Eleven Media Group