Eleven Media Group

■ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲစဉ်များ အကြိုသုံးသပ်ချက်

Photo: DAZN

◘ အင်တာမီလန် - အူရာဝရတ်စ် (မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက် ၁:၃၀ နာရီ)

မွန်တာရေးကို သရေကျလိုက်လို့ အင်တာမီလန်အသင်းအဖို့ အုပ်စုပထမနေရာအတွက် ဖိအားရှိသွားတယ်။ ဒီပွဲကတော့ အင်တာမီလန်အဖို့ အခက်အခဲ မရှိလောက်ပါဘူး။ အူရာဝရတ်စ်အသင်းမှာ ဘရာဇီးလ်ကစားသမား လေးဦးလောက်
ပါဝင်ပြီး ဂျပန်ကစားသမားအများစုနဲ့ပဲ အသင်းကို ဖွဲ့စည်းထားတာပါ။ အင်တာအသင်း ဂိုးပြတ်နိုင်ဖို့များတယ်။

◘ မာမယ်လိုဒီဆန်းဒေါင်းစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် ည ၁၀:၃၀ နာရီ)

ဒေါ့မွန်အသင်း အုပ်စုပထမနေရာရရေး ဂိုးများများသွင်းထားနိုင်ဖို့ လိုအပ်နေပြီ။ ဒေါ့မွန်နဲ့ တောင်အာဖရိကလပ်အကြား အဆင့်ချင်းတော့ အတော်ကွာပါတယ်။ ဆန်းဒေါင်းစ်က အဖွင့်ပွဲနိုင်ထားလို့ အခုပွဲကို ရသလောက်တော့ ခံကစားဦး
မယ်ထင်တယ်။ ဒေါ့မွန်ပဲ ကြိုက်တယ်။

◘ အခြားပွဲစဉ်များ

*ဖလူမင်နိစ် - အူလ်ဆန် (မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက် ၄:၃၀ နာရီ)
*ရေးဗားပလိတ် - မွန်တာရေး (မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက် ၇:၃၀ နာရီ)

မူရင်းသတင်း — Eleven Media Group