
PSG အသင်းက ဘုန်းမောက်နောက်ခံလူ ဇဘာနီကို ပေါင်(၅၅)သန်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။
ယူကရိန်းလက်ရွေးစင် ဇဘာနီ(၂၂ နှစ်)ဟာ ၂၀၂၃ ဇန်နဝါရီမှာမှ ဘုန်းမောက်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ် ဆိုထားတာပါ။
ဇဘာနီဟာ ဘုန်းမောက်အသင်းမှာ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် PSG အသင်းက ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းက ဇဘာနီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)အထိ အလိုရှိနေပေမဲ့ PSG အသင်းရဲ့ ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။
ဘုန်းမောက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဟူဆန်ကို ရီးယဲလ်အသင်းဆီ ရောင်းထုတ်ထားသလို၊ ကာကက်ဇ်ကိုလည်း လီဗာပူးလ်အသင်းဆီ ရောင်းထုတ်ဖို့ နီးစပ်နေပါပြီ။