Eleven Media Group

ဝမ်းနည်းနေတဲ့ကစားသမားတွေ မရှိစေလိုတဲ့အတွက် လူစာရင်းကို လျှော့ချမယ်လို့ ဂွါဒီယိုလာ ဆို

Photo: Getty Images

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းမှာ ဝမ်းနည်းနေတဲ့ ကစားသမားတွေ မရှိစေလိုတဲ့အတွက် လူစာရင်းကို လျှော့ချမယ်လို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက ဒီနွေမှာ ကစားသမားသစ်ခေါ်ယူမှုတွေ မလုပ်ခင်ကတည်းက အသင်းကို ကျစ်ကျစ်လျစ်လျစ်ပဲ တည်ဆောက်သွားချင်တယ်လို့ ပြောခဲ့တာပါ။
ဒါပေမဲဲ့ လက်ရှိအချိန်အထိ သူ ရောင်းထုတ်လိုတဲ့ ကစားသမားတွေကို ရောင်းထုတ်နိုင်ခြင်းမရှိသေးဘဲ ကစားသမားသစ် (၄)ဦး ခေါ်ယူထားခဲ့ပါပြီ။
ဒါကြောင့် ဂွါဒီယိုလာက ကလပ်ကမ္ဘာ့ဖလားပွဲကြို သတင်းစာရှင်းလင်းပွဲမှာ လူစာရင်းလျှော့ချမယ့်အကြောင်း ထပ်ပြောခဲ့တာပါ။
''အသင်းမှာရှိတဲ့ ကစားသမားတွေအားလုံးကို ကျွန်တော် ချစ်ပါတယ်။ ပြဿနာက သူတို့အနေနဲ့ မပျော်မရွှင်ဖြစ်လာမှာကိုပါ။ သူတို့ ဝမ်းနည်းမယ်။ သူတို့ စိတ်ပျက်မယ်။ အဲဒီလို ကျွန်တော် မဖြစ်စေချင်ပါဘူး။ ပြဿနာက ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော်က ရွေးချယ်စရာတောင် ပိုများပါသေးတယ်။ ဒါပေမဲ့ (၆)ယောက်၊ (၇)ယောက်ရှိနေတာကို ကျွန်တော် သဘောမကျပါဘူး။ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အချိန်တွေ အများကြီးကျန်ပါသေးတယ်''လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group