Eleven Media Group

ကာဇိုလာရဲ့ သွင်းဂိုးနဲ့အတူ အိုဗီယေဒိုအသင်း လာလီဂါကို တန်းတက်ခွင့်ရရှိ

Photo: EuroFoot

အိုဗီယေဒိုအသင်းဟာ ၀ါရင့်ကွင်းလယ်ကစားသမား ကာဇိုလာရဲ့ သွင်းဂိုးနဲ့အတူ လာလီဂါကို ပြန်လည်တန်းတက်ခွင့် ရရှိလာခဲဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ (၆)နှစ်ဝန်းကျင် ကစားခဲ့ဖူးတဲ့ စပိန်ကစားသမား ကာဇိုလာဟာ အသက်(၄၀)ကျော်ပြီဖြစ်ပေမဲ့ အိုဗီယေဒိုအသင်းရဲ့ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေဆဲဖြစ်ပါတယ်။
အိုဗီယေဒိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆီဂန်ဒါပြိုင်ပွဲမှာ တတိယနေရာရခဲ့တာကြောင့် လာလီဂါကို တန်းတက်ခွင့်ရဖို့ Play-offs ပွဲတွေ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဆီမီးဖိုင်နယ်မှာ အိုဗီယေဒိုက အယ်လ်မယ်ရီယာကို ကျော်ဖြတ်ခဲ့ပြီး မီရန်ဒက်စ်က ရေးဆင်းကို ကျော်ဖြတ်ခဲ့ပါတယ်။
ဗိုလ်လုပွဲပထမအကျော့မှာ မီရန်ဒက်စ်အသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ဒုတိယအကျော့မှာ အိုဗီယေဒိုအသင်းက (၃-၁)ဂိုးနဲ့ ပြန်အနိုင်ယူပြီး လာလီဂါကို တန်းတက်ခွင့်ရခဲ့တာပါ။
အိုဗီယေဒိုအသင်းအတွက် ကာဇိုလာက ပယ်နယ်တီကနေ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အသင်းတန်းတက်ခွင့်ရဖို့ ကူညီနိုင်ခဲ့တယ်လို့ မီဒီယာတွေက ချီးကျူးဖော်ပြခဲ့ကြပါတယ်။
အိုဗီယေဒိုအသင်းဟာ ၂၀၀၀-၀၁ ရာသီအကုန်မှာ လာလီဂါကနေ တန်းဆင်းခဲ့ရပြီး အခုမှ တန်းပြန်တက်ခွင့်ရရှိတာပါ။

မူရင်းသတင်း — Eleven Media Group