
၂၀၂၅ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် လေးပွဲအနက် ပထမဆုံး နှစ်ပွဲမှာ လက်ရှိချန်ပီယံ အင်္ဂလန်နဲ့ နယ်သာလန်အသင်းတို့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
ကွာတားပွဲစဉ်တွေမှာ အင်္ဂလန်အသင်းက စပိန်အသင်းကို ၃-၁ ဂိုး၊ နယ်သာလန်အသင်းက ပေါ်တူဂီအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ဂိုးတွေကို မက္ကတီး၊ အဲလိယတ်၊ အဲလိယတ်အန်ဒါဆန် (ပယ်နယ်တီ)တို့က သွင်းယူခဲ့ပြီး စပိန်ဘက်က ဂယ်ရာ (ပယ်နယ်တီ) တစ်ဂိုးပြန်သွင်းခဲ့ပါတယ်။
ပေါ်တူဂီ - နယ်သာလန်ပွဲမှာတော့ နယ်သာလန်အသင်းရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို ပိုကူက သွင်းယူပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းနဲ့ နယ်သာလန်အသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန်လ ၂၅ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ဇွန်လ ၂၂ ရ/က်မှာ အခြားကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် ဒိန်းမတ် - ပြင်သစ်၊ ဂျာမနီ - အီတလီတို့ ဆက်လက်ကစားကြပါမယ်။