
ဂျူဗင်တပ်စ် နှင့် ဝီဒတ် (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁ဝး၃၀ နာရီ)
ဂျူဗင်တပ်စ်က အယ်လ်အိန်းနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲမှာ ဂိုးပြတ်သွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဝီဒတ်ကတော့ မန်စီးတီးကို ရှုံးခဲ့တာကြောင့် ဒီပွဲမှာ အမှတ်ရဖို့ ကြိုးစားရမှာပါ။ ဒါပေမဲ့ ဂျူဗင်တပ်စ်ပဲ နိုင်ပွဲဆက်ဖို့ အလားအလာများပါတယ်။
ရီးယဲလ်မက်ဒရစ် နှင့် ပါချူကာ (မြန်မာစံတော်ချိန် တနင်္လာနံနက် ၁း၃၀ နာရီ)
အဖွင့်ပွဲမှာ အယ်လ်ဟီလာကို အနိုင်မကစားနိုင်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရီးယဲလ်အသင်း ဒီပွဲမှာ အာရုံစိုက်ကစားလာမှာ သေချာပါတယ်။ တိုက်စစ်မှူး ဘာပေ ကစားနိုင်ဦးမှာ မဟုတ်ပေမဲ့ ပါချူကာကို အနိုင်ရဖို့ တော့ ရီးယဲလ်အသင်း အခက်အခဲမရှိနိုင်ပါဘူး။
ဆာလ်ဇ်ဘာ့ဂ် နှင့် အယ်လ်ဟီလာ (မြန်မာစံတော်ချိန် တနင်္လာနံနက် ၄း၃၀ နာရီ)
ဆာလ်ဇ်ဘာ့ဂ်က နိုင်ပွဲရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းနေပြီး အယ်လ်ဟီလာကလည်း ရီးယဲလ်ကို သရေကစားထားတာကြောင့် မျှော်လင့်ချက်ရှိနေပါတယ်။ ဒီပွဲမှာတော့ အမှတ်ခွဲယူရနိုင်ပါတယ်။
မန်စီးတီး နှင့် အယ်လ်အိန်း (မြန်မာစံတော်ချိန် တနင်္လာနံနက် ရး၃၀ နာရီ)
ဒီအုပ်စုမှာက မန်စီးတီးနဲ့ ဂျူဗင်တပ်စ်တို့ အုပ်စုပထမနေရာကို အပြိုင်လုရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်။ ကျန်တဲ့ပြိုင်ဘက်တွေနဲ့ ဒီနှစ်သင်းရဲ့ ခြေစွမ်းက ခြားနားပါတယ်။ မန်စီးတီး ဂိုးပြတ်သွင်းဦးမှာပါ။