
ရီးယဲလ်နည်းပြ အလွန်ဆိုက ပြင်သစ်တိုက်စစ်မှူး ဘာပေကို ကလပ်ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
ဘာပေက အူရောင်ရမ်းတဲ့ ဝေဒနာခံစားနေရတာကြောင့် အယ်လ်ဟီလာအသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့် ပွဲကို လွဲချော်ခဲ့ရသလို၊ ပါချူကာနဲ့ ယှဉ်ပြိုင်မယ့် အုပ်စုဒုတိယပွဲမှာလည်း ပါဝင်နိုင်မှာမဟုတ်သေးပါဘူး။
ဒါပေမဲ့ ကြာသပတေးနေ့မှာပဲ ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပြီး အခြေအနေတိုးတက်မှုရှိနေတာကြောင့် ဆာလ်ဇ်ဘာ့ဂ်နဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။
ရီးယဲလ်နည်းပြ အလွန်ဆိုက ''သူ ပိုကောင်းလာပါပြီ။ လွန်ခဲ့တဲ့နှစ်ရက်က သူ ဆေးရုံက ပြန်ဆင်းလာခဲ့ပါတယ်။ အခြေအနေက တိုးတက်မှုလည်း ရှိနေတာကြောင့် ဆာလ်ဇ်ဘာ့ဂ်နဲ့ ရင်ဆိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲမှာ ပါဝင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အကောင်းမြင်ထားပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
အလွန်ဆိုက ဘာပေ မကစားနိုင်တဲ့ အုပ်စုအဖွင့်ပွဲမှာ စပိန်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာကို အသုံးပြုခဲ့ပါတယ်။