
နာပိုလီအသင်းရဲ့ ကစားသမားသစ် ဒီဘရိုင်းနားက အီတလီမြေမှာ အသင်းဖော်ဟောင်း ဂရီးလစ်ရှ်နဲ့အတူ တွဲကစားခွင့်ရဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံကစားသမား ဒီဘရိုင်းနားဟာ ဒီနွေမှာမှ မန်စီးတီးနဲ့လမ်းခွဲပြီး နာပိုလီအသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့သူပါ။
ဂရီးလစ်ရှ်က မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ နည်းပြ ဂွါဒီယိုလာ ရောင်းထုတ်ချင်နေတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ဒီဘရိုင်းနားက နာပိုလီအသင်းကို ရောက်လာဖို့ မျှော်လင့်နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဂရီးလစ်ရှ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ နာပိုလီအသင်းလည်း ပါဝင်နေပေမဲ့ မြင့်မားတဲ့လစာနှုန်းထားကြောင့် လက်တွန့်နေတယ်လို့လည်း အီတလီမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
မန်စီးတီးအသင်းကတော့ အပြီးသတ်ခေါ်ယူမယ့်အသင်း မရှိရင်တောင် ဂရီးလစ်ရှ်ကို အငှားချဖို့ စီစဉ်ထားပြီလို့ သိရပါတယ်။