Eleven Media Group

အာဆင်နယ်ပစ်မှတ် ရိုဒရီဂို လစာအဖြစ် တစ်နှစ်ပေါင်(၁၀.၂)သန်း တောင်းဆို

Photo: X

အာဆင်နယ်အသင်း ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးယဲလ်တိုက်စစ်ကစားသမား ရိုဒရီဂိုက လစာအဖြစ် တစ်နှစ်ပေါင်(၁၀.၂)သန်း တောင်းဆိုခဲ့တယ်လို့ AS က ဖော်ပြခဲ့ပါတယ်။
ရိုဒရီဂိုက ရီးယဲလ်အသင်းကို ဘာပေ ရောက်ရှိလာပြီးတဲ့နောက် ပွဲကစားချိန်လျော့ကျလာတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပြီး အာဆင်နယ်အသင်းကလည်း တိုက်စစ်ပိုင်းကို အားဖြည်ဖို့အတွက် ရိုဒရီဂိုကို ချဉ်းကပ်ခဲ့တာပါ။
ဒါပေမဲ့ ရိုဒရီဂိုက ရီးယဲလ်မှာ ရရှိနေတဲ့ လစာနှုန်းထားနီးပါး အာဆင်နယ်အသင်းမှာ ရရှိဖို့ တောင်းဆိုထားတာကြောင့် အာဆင်နယ်အသင်း လက်လျှော့ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
အာဆင်နယ်အသင်းက ကစားသမားတွေကြားမှာ လစာကွာဟမှုနည်းပါးရေးကို အလေးထားနေတာကြောင့် ရိုဒရီဂိုရဲ့တောင်းဆိုမှုကို လိုက်လျောဖွယ်မရှိခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်ပိုင်းအတွက် အကြီးစားအားဖြည့်မှုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပေမဲ့ လက်ရှိအချိန်အထိတော့ ခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။
အာဆင်နယ်အသင်းက စပို့တင်းလစ္စဘွန်းက ယိုကယ်ရက်စ်နဲ့ လိုက်ပ်ဇစ်က ရှက်ရှကိုတို့ကိုလည်း ကြိုးပမ်းနေပြီး ရာသီကြိုခြေစမ်းပွဲတွေမတိုင်ခင် ကစားသမားခေါ်ယူမှုတွေကို အပြီးသတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group