
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက နာပိုလီအသင်းက စကော့တလန်ကွင်းလယ်ကစားသမား တွမ်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
တွမ်မီနေး (၂၈ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ မန်ယူအသင်းကနေ ရောင်းထုတ်ခံခဲ့ရပေမဲ့ နာပိုလီအသင်းမှာ ခြေစွမ်းပြခဲ့တာကြောင့် အယ်လ်ဟီလာအသင်းက အလိုရှိနေတာပါ။
အယ်လ်ဟီလာအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ဆီမြွန်နီအင်ဇာဂီက အင်တာမီလန်မှာ ရှိစဉ်ကတည်းက တွမ်မီနေးရဲ့ခြေစွမ်းကို သဘောကျခဲ့တာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အယ်လ်ဟီလာအသင်းက တွမ်မီနေးအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးဖို့ အသင့်ဖြစ်နေပေမဲ့ နာပိုလီအသင်းကလည်း ပိုပြီးတောင့်တင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်ဖို့စီစဉ်နေတာကြောင့် တွမ်မီနေးကို လက်လွှတ်ဖွယ်မရှိဘူးလို့ နီးစပ်သူတွေက သုံးသပ်ထားကြပါတယ်။
တွမ်မီနေးဟာ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။