
တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ဆက်သွယ်စုံစမ်းနေတယ်လို့ သိရပါတယ်။
ဆန်ချို(၂၅ နှစ်)ဟာ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဂ်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းမှာ နေရာပျောက်ခဲ့ရသူဖြစ်ပြီး လက်ရှိနည်းပြ အာမိုရင်မ်ကလည်း သူ့ကို နေရာပေးလိုခြင်းမရှိပါဘူး။
ဒါကြောင့် ဆန်ချိုက ပုံမှန်ပွဲထွက်ကစားခွင့်ရမယ့်အသင်းကို ရှာဖွေနေပြီး သူ့ကို ခေါ်ယူဖို့ နာပိုလီနဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ မြင့်မားတဲ့လစာနှုန်းထား ပေးချေရမှာကြောင့် ထိထိရောက်ရောက်ကြိုးပမ်းမှု ရှိမလာချိန်မှာ ဖီနာဘာချီအသင်းက ဆက်သွယ်စုံစမ်းမှုတွေ ပြုလုပ်လာခဲ့တာပါ။
နာမည်ကျော်နည်းပြ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းက ဆန်ချို လိုချင်တဲ့ လစာပမာဏကို ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။