
ဆီယက်တယ်ဆောင်းဒါးစ် နှင့် PSG (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
နှစ်ပွဲစလုံးရှုံးထားတဲ့ ဆီယက်တယ်ဆောင်းဒါးစ်အသင်းအတွက် မျှော်လင့်ချက်က ကုန်သလောက်ဖြစ်နေပါပြီ။ PSG ကလည်း ဘိုတာဖိုဂိုကို ရှုံးထားတာကြောင့် အမှားလုပ်လို့မရတဲ့အခြေအနေ ဖြစ်နေပါတယ်။ အားထည့်ကစားမယ့် PSG အနိုင်သေချာပါတယ်။
အက်သလက်တီကို နှင့် ဘိုတာဖိုဂို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
အက်သလက်တီကိုက မဖြစ်မနေ အနိုင်ကစားရမယ့် အနေအထားမျိုးဖြစ်နေပြီး ဘိုတာဖိုဂိုကတော့ (၆)မှတ်ရထားတာကြောင့် အခြေအနေတော်တော်ကောင်းနေပါတယ်။ လက်ရှိပြသနေတဲ့ ခြေစွမ်းအရတော့ ဘိုတာဖိုဂိုကိုပဲ ကြိုက်ပါတယ်။
ပေါ်တို နှင့် အယ်လ်အာလီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ရး၃၀ နာရီ)
နှစ်သင်းစလုံးက တစ်မှတ်စီသာ ရရှိထားတာကြောင့် ဖောင်ဖျက်ကစားရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒီပွဲမှာတော့ သွင်းဂိုးမရသေးတဲ့ အယ်လ်အာလီထက် ပေါ်တိုအသင်းကို ရွေးချင်ပါတယ်။
အင်တာမိုင်ယာမီနှင့် ပါးလ်မီးရပ်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ရး၃၀ နာရီ)
ဒီပွဲမှာ သရေရလဒ် ထွက်ပေါ်ခဲ့ရင် နှစ်သင်းစလုံး နောက်တစ်ဆင့်ကို အတူတက်လှမ်းနိုင်မှာပါ။ ဒါကြောင့် ထိန်းထိန်းသိမ်းသိမ်းကစားသွားဖို့ အလားအလာများပါတယ်။ အမှတ်ခွဲယူတဲ့ပွဲပဲ ဖြစ်နိုင်ပါတယ်။