Eleven Media Group

မာတင်နယ်လီကို ဘိုင်ယန်မြူးနစ်အသင်း စိတ်ဝင်စားနေ

Photo: Getty Images

ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်တောင်ပံကစားသမား နာဘရီကို ဆုံးရှုံးထားတာကြောင့် မာတင်နယ်လီကို ခေါ်ယူအစားထိုးဖို့ ဆန္ဒရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
မာတင်နယ်လီက ၂၀၁၉ ခုနှစ်ကတည်းက အာဆင်နယ်အသင်းမှာ ကစားလာသူဖြစ်ပေမဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ဒီထက်တိုးတက်ဖို့လိုအပ်တယ်လို့ နည်းပြ အာတီတာက သတိပေးထားပါတယ်။
ဒါ့အပြင် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက မာတင်နယ်လီအပြင် လီဗာပူးလ်က ဂက်ပိုနဲ့ လူးဝစ်ဒီယက်ဇ်တို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group