Eleven Media Group

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဦးဆောင်မှုပိုင်း အားနည်းချက်ရှိနေတယ်လို့ ရန်းညက် သုံးသပ်

Photo: Getty Images

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် (၆)လဝန်းကျင် တာဝန်ယူခဲ့ဖူးတဲ့ ရန်းညက်က အသင်းမှာ ဦးဆောင်မှုပိုင်း အားနည်းချက်ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။
ရန်းညက်က ၂၀၂၁ ဒီဇင်ဘာကနေ ၂၀၂၂ မေလအထိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး (၁၁)ပွဲနိုင်၊ (၉)ပွဲသရေ၊ (၉)ပွဲရှုံးခဲ့ပါတယ်။
လက်ရှိအချိန်မှာ သြစတြီးယားလက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ရန်းညက်က ဂန္ထဝင်နည်းပြ ဖာဂူဆန် လမ်းခွဲခဲ့ချိန်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းမှာ ဦးဆောင်မှုပိုင်းပြဿနာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
''ဆာအဲလက်စ် အသင်းမှာရှိချိန်တုန်းက အရေးပါတဲ့လူများစွာကို ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ သူ လမ်းခွဲချိန်မှာတော့ အဲဒီလူတွေလည်း ထွက်သွားကြပါတယ်။ အဲဒီအချိန်ကတည်းက ဦးဆောင်မှုပိုင်းမှာ ပြဿနာရှိလာခဲ့တာလို့ ထင်ပါတယ်။ ဘယ်သူက ဆုံးဖြတ်ချက်တွေ ချမှတ်မှာလဲ။ သူတို့က အဲဒီလိုအလုပ်တွေအတွက် အကောင်းဆုံးသူတွေ ဟုတ်ရဲ့လား။ ကျွန်တော် နည်းပြတစ်ယောက်ဖြစ်နေတာတောင် ပြောဖို့ခက် ခဲ့ပါတယ်။ ကစားသမားသစ်ခေါ်ယူဖို့ ခက်ခဲပါတယ်။ လူတွေ ရှိနေပေမဲ့ အဆုံးသတ်မှာ အခက်တွေ့တာပါပဲ'' လို့ ရန်းညက်က ပြောကြားခဲ့ပါတယ်။
ရန်းညက်က အသက်(၃၀)ရှိနေပြီဖြစ်တဲ့ ကက်စီမီရိုကို ပေါင်သန်း(၇၀)ပေးပြီး ခေါ်ယူခဲ့ခြင်းအတွက်လည်း ပြစ်တင်ဝေဖန်ခဲ့ပြီး သူသာ အသင်းပိုင်ရှင် ဒါမှမဟုတ် အားကစားဒါရိုက်တာ ဆိုပါက လူငယ်ကစားသမားများအတွက်သာ ရင်းနှီးမြှုပ်နှံ မယ်လို့လည်း ဆိုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group