မန်ယူနိုက်တက်အသင်းဟာ ကင်မရွန်းတိုက်စစ်မှူး အမ်ဘူမိုရဲ့ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ အထိ တိုးမြှင့်ပြီး ထပ်မံကမ်းလှမ်းခဲ့ပါတယ်။
မန်ယူနိုက်တက်အနေနဲ့ အမ်ဘူမိုအတွက် ပေါင် သန်း ၆၀ အထိ အကုန်အကျခံ သုံးစွဲဖို့ရှိတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ESPN က ရေးသားခဲ့ပါတယ်။
အခုလအတွင်းမှာ ကနဦး ပေါင် ၄၅ သန်း+add-ons ကြေး ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဘရန့်ဖို့ဒ်အသင်းက ငြင်းဆန်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းဟာ အမ်ဘူမိုရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၆၅ သန်းအထိ အလိုရှိနေတာပါ။
ဒါကြောင့် မန်ယူနိုက်တက်ရဲ့ထပ်မံကမ်းလှမ်းမှုဟာ ဘရန့်ဖို့ဒ်အသင်း မျှော်မှန်းထားတဲ့ပမာဏနဲ့ နီးစပ်လာနေပြီဖြစ်ပါတယ်။
နှစ်ဖက်အသင်းအကြား အပြောင်းအရွှေ့အတွက် ကာလအတန်ကြာ ဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ အပြောင်းအရွှေ့ ပိုနီးစပ်လာခဲ့ပါတယ်။
အမ်ဘူမိုကလည်း မန်ယူနိုက်တက်အသင်း လာမယ့်ရာသီ ဥရောပဝင်ခွင့် မရပေမဲ့ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။