Eleven Media Group

■ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု C နှင့် D နောက်ဆုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: YouTube

♦ ဘင်ဖီကာ - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဇွန်လ ၂၅ ရက် နံနက် ၁:၃၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက နောက်တစ်ဆင့်တက်ရောက်ပြီးသားဖြစ်ပြီး ပထမနေရာအတွက် တစ်မှတ်ပဲ လိုပါတယ်။ ဘင်ဖီကာကလည်း ဘိုင်ယန်ကို သရေထိန်းကစားတာနဲ့ နောက်တစ်ဆင့်တက်ပါပြီ။ ဘိုင်ယန်အနေနဲ့ ၁၆ သင်းအဆင့်မှာ ချယ်လ်ဆီးနဲ့
ဆုံတွေ့နိုင်ခြေများနေပြီး ရှောင်လွှဲမှာတော့ မဟုတ်လောက်ဘူး။ သရေကျဖို့များနေလို့ ဘင်ဖီကာနဲ့ပဲ စွန့်စားချင်တယ်။

♦ အော့ကလန်စီးတီး - ဘိုကာဂျူနီယာ (မြန်မာစံတော်ချိန် ဇွန်လ ၂၅ ရက် နံနက် ၁:၃၀ နာရီ)

ဘိုကာဂျူနီယာအသင်း ၁၆ သင်းအဆင့် မျှော်လင့်ချက်ရှိသေးပေမဲ့ ဖြစ်နိုင်ခြေက အတော်နည်းနေပါတယ်။ ဂုဏ်သိက္ခာအရ အနိုင်ကစားယ့် ဘိုကာဂျူနီယာကိုပဲ ရွေးချယ်ချယ်တယ်။

♦ LAFC - ဖလာမင်ဂို (မြန်မာစံတော်ချိန် ဇွန်လ ၂၅ ရက် နံနက် ၇:၃၀ နာရီ)

ဂျရူး၊ လိုရစ်တို့ပါဝင်တဲ့ LAFC က အုပ်စုအဆင့်ကနေ စောစောစီးစီး ထွက်ထားရတယ်။ ဖလာမင်ဂိုအဖို့တော့ ဘာဖိအားမှ မရှိပေမဲ့ ရာနှုန်းပြည့်နိုင်ပွဲ ယူပါလိမ့်မယ်။

♦ ESကျူးနစ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဇွန်လ ၂၅ ရက် နံနက် ၇:၃၀ နာရီ)

အုပ်စုဒုတိယနေရာအတွက် အဆုံးအဖြတ်ပါပဲ။ ချယ်လ်ဆီးအသင်းကတော့ သရေကစားရုံနဲ့ နောက်တစ်ဆင့်တက်မှာပါ။ ဒါပေမဲ့ ချယ်လ်ဆီး ဂိုးပြတ်အနိုင်ယူလိမ့်မယ်ထင်တယ်။

မူရင်းသတင်း — Eleven Media Group