
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရာအူးလ်ဟာ စပိန်ယူ-၂၁ လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။
၎င်းဟာ လက်ရှိနည်းပြဖြစ်သူ ဆန်တီဒယ်နီယာနေရာကို အစားထိုးမယ့်သူအဖြစ် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
ဒယ်နီယာဟာ ဥရောပ ယူ-၂၁ ချန်ပီယံပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရလို့ အသင်းက ထွက်ခွာဖွယ်ရှိနေပြီး ကာတာကလပ် Al-Shahaniya အသင်းကို ကိုင်တွယ်ဖို့ နီးစပ်နေပါတယ်။
ရာအူးလ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးနေပြီလို့လည်း သတင်းထွက်နေပါတယ်။
၎င်းအနေနဲ့ ပြီးခဲ့တဲ့မေလကမှ ရီးယဲလ်အရန်အသင်းဖြစ်တဲ့ ရီးယဲလ်ကက်စတယ်လာနဲ့ လမ်းခွဲခဲ့တာဖြစ်တယ်။
ရာအူးလ်(၄၇ နှစ်)အဖို့ စပိန်ယူ-၂၁ အသင်းကို ယူရို-၂၀၂၇ ပြိုင်ပွဲနဲ့ အိုလံပစ်ခြေစစ်ပွဲ အောင်မြင်ဖို့ ဦးဆောင်ရလိမ့်မယ်။
လစ်လပ်သွားတဲ့ ရီးယဲလ်ကက်စတယ်လာအသင်းနည်းပြနေရာကို စပိန်နောက်ခံလူဟောင်း အာဘီလိုအာ အစားထိုးတာဝန်ယူခဲ့ပါတယ်။