
အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက အုပ်စုအဆင့်က ထွက်ခဲ့ရပြီးနောက် ဒိုင်လူကြီးတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်းကို ၁-၀ ဂိုးနဲ့နိုင်ပြီး ခြောက်မှတ်ရခဲ့တာပါ။
ဒါပေမဲ့ အုပ်စု B မှာ PSG၊ ဘိုတာဖိုဂိုနဲ့ အက်သလက်တီကို သုံးသင်းစလုံး ခြောက်မှတ်ရခဲ့ပြီး အက်သလက်တီကိုအသင်းက ဂိုးကွာခြားချက်ကြောင့် အုပ်စုတတိယနေရာပဲ ရခဲ့ပါတယ်။
အက်သလက်တီကိုအသင်းအနေနဲ့ ပြိုင်ပွဲမှာ မျှော်လင့်ထားတာထက် များစွာစောပြီး အိမ်ပြန်ခဲ့ရတာဖြစ်တယ်။
''ကောင်လေးတွေရဲ့လုပ်ဆောင်မှုအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ အရာအားလုံး ပေးခဲ့တာပါ။ ကျွန်တော်တို့ သုံးပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဒါတောင်မှ ဝမ်းနည်းစွာနဲ့ ကျွန်တော်တို့ ထွက်ခဲ့ရပါတယ်။ ခြောက်မှတ်ဆိုတာ မဆိုးပါဘူး။ ဒါပေမဲ့ PSGနဲ့ပွဲက ကျွန်တော်တို့ကို ထိုးနှက်ခဲ့တာပါ။ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ယနေ့ပွဲမှာလည်း ပယ်နယ်တီဆုံးဖြတ်ချက်တစ်ကြိမ်ကို VAR ပြန်ကြည့်ပြီး ပြောင်းလဲခဲ့ပါတယ်။ ဒါက အတူတူထက်ပိုပါတယ်။ ကျွန်တော်တို့ ဘာတွေတိုးတက်ဖို့ လိုသလဲဆိုတာ သိပါတယ်။ ဒါက ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ အကူအညီဖြစ်စေမှာပါ''လို့ ဆီမြွန်နီက ပြောခဲ့ပါတယ်။
ဘိုတာဖိုဂိုနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပြီး ပွဲစဉ်အလိုက် အကောင်းဆုံးဆုရခဲ့တဲ့ဂရီးဇ်မန်းက ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အပေါ် အပြစ်မမြင်ခဲ့ပါဘူး။
၎င်းက အသင်းအနေနဲ့ တစ်ခါတစ်ရံ အကောင်းဆုံးပုံစံမှာ ရှိမနေဘဲ ဒါကို ဖြေရှင်းရမယ်လို့သာ ပြောခဲ့ပါတယ်။