Eleven Media Group

■ ၃၈ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မက်ဆီ

အာဂျင်တီးနားနာမည်ကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီဟာ ဇွန်လ ၂၄ ရက်(ယနေ့)မှာ အသက် ၃၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ မက်ဆီရဲ့မွေးနေ့ဆုတောင်းစကားတွေနဲ့ ပြည့်နှက်နေပါတယ်။

စီရော်နယ်လ်ဒိုနဲ့အပြိုင် ဘောလုံးလောကရဲ့ GOAT အဖြစ် ဖြတ်သန်းခဲ့တဲ့ မက်ဆီရဲ့အောင်မြင်မှုတွေကတော့ စာဖွဲ့လို့ မကုန်နိုင်ပါဘူး။

ခေတ်ပြိုင် ကမ္ဘာ့ကျော်ဘောလုံးသမား နှစ်ဦးရဲ့အကောင်းဆုံးပုံရိပ်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ပရိသတ်တွေအဖို့ ကျေနပ်စရာကောင်းလွန်းစရာလို့ ယူဆမှုတွေလည်း ရှိပါတယ်။

မက်ဆီက ကမ္ဘာ့ဖလားအောင်မြင်မှု၊ Ballon d'Or စံချိန်တင် ရှစ်ကြိမ်နဲ့ စီရော်နယ်လ်ဒိုကို နှာတစ်ဖျားသာသလို ရှိခဲ့ပေမဲ့ ဘယ်သူပိုကောင်းလဲ Debate ကတော့ ဘယ်တော့မှ ပြီးဆုံးမယ်မထင်ပါဘူး။

ကစားသမားဘဝမှာ ပွဲပေါင်း ၁၁၂၉ ပွဲ ကစားခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ရပ်ပေါင်း ၁၂၉၆ ဂိုးရှိခဲ့တဲ့ မက်ဆီရဲ့စွမ်းဆောင်ရည်က နှိုင်းယှဉ်ဖို့ ဆက်ပါတယ်။

Happy Birthday Leo Messi !!!

866 career goals

384 career assists

46 career trophies (most of all-time)

8 Ballon d'Or awards

2 Copa América titles

World Cup title

မူရင်းသတင်း — Eleven Media Group