
ရီးယဲလ်မက်ဒရစ်နဲ့ ဝေးလ်စ်တိုက်စစ်ကစားသမားဟောင်း ဂါရတ်ဘေးလ်က League One ကလပ် ကာဒစ်ဖ်အသင်းကို ဝယ်ယူနိုင်ဖို့ မျှော်လင့်နေဆဲပဲလို့ သိရပါတယ်။
ဘေးလ်အပါအဝင် ရင်းနှီးမြှုပ်နှံသူအုပ်စုတစ်ခုက ကာဒစ်ဖ်အသင်းကို ဝယ်ယူဖို့ ကြိုးပမ်းနေတာပါ။
ဘေးလ်(၃၅ နှစ်)က လက်ရှိအသင်းပိုင်ရှင် ဗင်းဆင့်ထန်နဲ့ တိုက်ရိုက်ဆက်သွယ်ခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ မလေးရှားစီးပွားရေးလုပ်ငန်းရှင် ဗင်းဆင့်ထန်က ရောင်းချဖို့ ဆန္ဒမရှိဘဲ ငြင်းဆန်ခဲ့ပါတယ်။
''ဒါက ကျွန်တော့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်တဲ့ တစ်စုံတစ်ရာပါပဲ။ ကျွန်တော်တို့ ဒီအကြောင်းပြောကြတယ်။ ကာဒစ်ဖ်အသင်းနဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အနာဂတ်မှာတော့ သတင်းတွေ ပိုထွက်လာနိုင်ပါတယ်။ ကျွန်တော်တို့
တစ်စုံတစ်ရာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်''လို့ ဘေးလ်က ပြောခဲ့ပါတယ်။
ကာဒစ်ဖ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်ကနေ League Oneကို တန်းဆင်းခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။