Eleven Media Group

■ ဒီပေါလ်ကို ရောင်းထုတ်ဖို့ အက်သလက်တီကိုမက်ဒရစ်အသင်း စီစဉ်

Photo: Getty Images

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အသင်းကွင်းလယ်ကစားသမား ဒီပေါလ်ကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် (၃၁) နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ကစားသမား ဒီပေါလ်ဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် အက်သလက်တီကိုအသင်းဟာ ဒီပေါလ်ကို ပြောင်းရွှေ့ကြေး ရနိုင်တဲ့ အခုနွေရာသီအပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) ဝန်းကျင် အလိုရှိနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

လက်ရှိမှာ ဒီပေါလ်ကို ခေါ်ယူဖို့ အေစီမီလန်၊ အက်စတွန်ဗီလာနဲ့ တူရကီကလပ် ဂါလာတာစာရေးအသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါပြင် ဒီပေါလ်ရဲ့ အာဂျင်တီးနားအသင်းဖော် မက်ဆီ ကစားနေတဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group