Eleven Media Group

■ ပေါ်တိုဂိုးသမား ကော်စတာကို ခေါ်ယူဖို့ မန်ချက်စတာမြို့ခံနှစ်သင်း စိတ်ဝင်စား

မန်ချက်စတာမြို့ခံအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ ပေါ်တိုဂိုးသမား ဒီယိုဂိုကော်စတာကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

အသက် (၂၅) နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ဂိုးသမား ကော်စတာဟာ UEFA Nations League ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ချန်ပီယံဆုရရှိအောင် လက်စွမ်းပြနိုင်သူ ဖြစ်ပါတယ်။

သူဟာ ပေါ်တိုအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ အခုနွေမှာ အသင်းပြောင်းရွှေ့ကစားဖို့ ဆန္ဒရှှိနေတယ်လို့ သိရပါတယ်။

ပေါ်တူဂီသတင်းစာ A Bola ရဲ့ ဖော်ပြချက်အရ ကော်စတာဟာ ပေါ်တိုအသင်းနဲ့ ယူရို (၇၅) သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ ယူရိုသန်း (၆၀) နဲ့ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက အသင်းမှာ လက်စွမ်းမပြနိုင်တဲ့ ဂိုးသမား အိုနာနာရဲ့နေရာမှာ အစားထိုးဖို့ ကော်စတာကို စိတ်ဝင်စားနေတာဖြစ်ပြီး မန်စီးတီးအသင်းကတော့ ဆော်ဒီကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ အသင်းဂိုးသမား အီဒါဆန်ရဲ့နေရာမှာ အစားထိုးဖို့ ကော်စတာကို ပစ်မှတ်ထားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group