Eleven Media Group

■ ၂၀၂၆ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: X

မာမယ်လိုဒီ - ဖလူမင်နိစ် (မြန်မာစံတော်ချိန် ဇွန် ၂၆ ရက် နံနက် ၁:၃၀ နာရီ)
ဒီပွဲမှာ နှစ်သင်းစလုံး နောက်တစ်ဆင့်အတွက် မျှော်လင့်ချက် ရှိနေသေးတယ်။ ဒါပေမဲ့ တောင်အာဖရိကလပ် မာမယ်လိုဒီအနေနဲ့ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်ကို ယှဉ်နိုင်ဖို့ မရှိပါဘူး။ ဒီပွဲမှာ အနိုင်ရရင် အုပ်စုပထမနေရာ ရဖို့လည်း သေချာလို့ ဖလူမင်နိစ်အသင်း အနိုင်ရအောင် ကစားလိမ့်မယ်။ ဂိုးလည်း ပြတ်နိုင်တယ်။


ဒေါ့မွန် - အူလ်ဆန် (မြန်မာစံတော်ချိန် ဇွန် ၂၆ ရက် နံနက် ၁:၃၀ နာရီ)
တစ်ဖက်မှာ ဖလူမင်နိစ်နဲ့ မာမယ်လိုဒီတို့ ထိပ်တိုက်တွေ့နေလို့ ဒေါ့မွန်အသင်းအဖို့က တော့ အခြေအနေကောင်းနေပါတယ်။ အူလ်ဆန်အသင်းကတော့ မျှော်လင့်ချက်မရှိတော့ ပေမဲ့ ခြေစွမ်းပိုင်းမဆိုးတဲ့အသင်းလို့ ယေဘုယျသတ်မှတ်လို့ရတယ်။ ဒေါ့မွန်ပဲ ဂိုးပြတ်အနိုင်ရလောက်တယ်။


အူရာဝရတ် - မွန်တာရေး (မြန်မာစံတော်ချိန် ဇွန် ၂၆ ရက် နံနက် ၇:၃၀ နာရီ)
ဂျပန်ကလပ် အူရာဝရတ်က အုပ်စုအဆင့်က ထွက်သွားရပါပြီ။ မက္ကဆီကိုကလပ် မွန်တာရေးကတော့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်တယ်။ မက္ကဆီကိုကစားသမားတွေကို အဓိကအားပြုကစားပြီး ရာမို့စ်လည်း ရှိနေလို့ မွန်တာရေးအသင်း အနိုင်ကစားလိမ့်မယ်။


အင်တာမီလန် - ရေးဗားပလိတ် (မြန်မာစံတော်ချိန် ဇွန် ၂၆ ရက် နံနက် ၇:၃၀ နာရီ)
အမှတ်တူအနေအထားမှာ အင်တာမီလန်အသင်း အုပ်စုပထမနေရာအတွက် အနိုင်ကစားဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ အင်တာမီလန်တို့ တစ်ဖက်အုပ်စုက ပထမ၊ ဒုတိယရမယ့် အသင်းတွေကို ချိန်ပြီး ကစားသွားနိုင်တာကိုတော့ သတိပြုရမယ်။ ရေးဗားပလိတ်အသင်းမှာ ဥရောပအတွေ့အကြုံရင့် ကစားသမားတွေအပြင် လူငယ်ကြယ်ပွင့်တွေလည်း ပါဝင်နေတယ်။ ရှုံးရင် အုပ်စုက ပြုတ်သွားနိုင်လို့ အင်တာမီလန် အာရုံစိုက်ပြီး အနိုင်ကစားမယ်ထင်တယ်။

မူရင်းသတင်း — Eleven Media Group