Eleven Media Group

■ ဆန်းတို့စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ခြင်းမှာ နှလုံးသားအလိုတိုင်းဖြစ်တယ်လို့ နေမာ ဖွင့်ဟ

Photo: Getty Images

နာမည်ကျော် ဘရာဇီးလ်တိုက်စစ်မှူး နေမာက ဆန်းတို့စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ခြင်းမှာ နှလုံးသားအလိုအတိုင်းဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဆန်းတို့စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ နေမာရဲ့ အရင်စာချုပ်မှာ ဇွန် (၃၀) ရက် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အခု ၂၀၂၅ နှစ်ကုန်အထိ (၆) လသက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာပါ။

နေမာအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့ကစားမယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အခု ဆန်းတို့စ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နေမာက "ကျွန်တော့်နှလုံးသားကို နားထောင်ပြီး ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ ဆန်းတို့စ်က ကျွန်တော့်အသင်းဖြစ်သလို ကျွန်တော့်အသင်းလည်း ဖြစ်တယ်။ ဆန်းတို့စ်အသင်းက ကျွန်တော့်ရဲ့ ဇစ်မြစ်ဖြစ်ပြီး ကျွန်တော့်ရဲ့သမိုင်း၊ ကျွန်တော့်ရဲ့ဘဝလည်း ဖြစ်ပါတယ်။ ဆန်းတို့စ်အသင်းမှာပဲ ကျွန်တော် အရွယ်ရောက်ခဲ့တာပါ။ ဒီက အချစ်တွေကိုလည်း ကျွန်တော် တကယ်ခံစားရပါတယ်။ ဒီမှာ ကျွန်တော့်ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းသွားမှာပါ။ ဘယ်အရာမှာ ကျွန်တော့်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group