Eleven Media Group

အယ်လ်နာဆာနဲ့ စီရော်နယ်လ်ဒို သက်တမ်းတိုးမယ်လို့ ဆော်ဒီသတင်းရင်းမြစ်တွေ ဖော်ပြ

Photo: Getty Images

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ ဆော်ဒီသတင်းရင်းမြစ်တွေက ပြောကြားခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။
အသက်(၄၀)ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ အခု ဇွန်လကုန်ရင် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။
စီရော်နယ်လ်ဒိုက ၂၀၂၃ ဇန်နဝါရီမှာ အယ်လ်နာဆီအသင်းနဲ့ စတင်လက်တွဲခဲ့ပြီး ဘောလုံးလောကမှာ လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူပါ။
စီရော်နယ်လ်ဒိုက ဆော်ဒီပရိုလိဂ်ရာသီ ပြီးဆုံးသွားချိန်မှာ အယ်လ်နာဆာအသင်းနဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်မျိုး ရေးသားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။
ကြားကာလအတွင်း တခြားကလပ်အသင်းများစွာက ကမ်းလှမ်းခဲ့ပေမဲ့လည်း စီရော်နယ်လ်ဒိုက ပယ်ချခဲ့ပြီး ဆော်ဒီလိဂ်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အယ်လ်နာဆာအသင်းဟာ မနေ့ကပဲ အီတလီနည်းပြ ပီအိုလီနဲ့ လမ်းခွဲခဲ့ပြီး နည်းပြသစ် ခန့်အပ်ဖို့ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group