Eleven Media Group

ဥရောပ ယူ-၂၁ ပြိုင်ပွဲ ဗိုလ်လုပွဲကို အင်္ဂလန်နဲ့ ဂျာမနီအသင်း တက်ရောက်

Photo: UEFA

၂၀၂၅ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းနဲ့ ဂျာမနီအသင်းတို့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်တွေမှာ အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို ၂-၁ ဂိုး၊ ဂျာမနီအသင်းက ပြင်သစ်အသင်းကို ၃-၀ ဂိုးတို့နဲ့ အနိုင်ရခဲ့တာပါ။

အင်္ဂလန်အသင်းအတွက် နှစ်ဂိုးစလုံးကို အဲလိယတ်က သွင်းယူခဲ့ပြီး နယ်သာလန်အသင်က အိုဟိုင်းယိုက တစ်ဂိုး သွင်းခဲ့ပါတယ်။

ဂျာမနီအသင်းရဲ့ဂိုးတွေကို ဗိုင်ပါ၊ ဗော်တယ်မာဒယ်၊ ဂရူဒါတို့က သွင်းယူပေးခဲ့ပါတယ်။

လက်ရှိချန်ပီယံ အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တိုက် တက်ရောက်ခဲ့ပါတယ်။

ဂျာမနီအသင်းက ပြိုင်ပွဲနောက်ဆုံး ငါးကြိမ်မှာ လေးကြိမ်မြောက် ဗိုလ်လုပွဲတက်ရောက်လာတာဖြစ်တယ်။

ဇွန်လ ၂၈ ရက်မှာကစားမယ့် ဗိုလ်လုပွဲမှာတွေ့ဆုံနေတဲ့ နှစ်သင်းစလုံး သုံးကြိမ်စီ ဗိုလ်စွဲထားပြီး အနိုင်ရတဲ့အသင်းက ဒုတိယအအောင်မြင်ဆုံးအဖြစ် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ပါလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group