
ဝီဒတ် နှင့် အယ်လ်အိန်း (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
နှစ်သင်းစလုံးက အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖို့ သေချာပြီးသားဖြစ်နေပါပြီ။ ဒါကြောင့် ဂုဏ်သိက္ခာအတွက်ပဲ တိုက်ပွဲဝင်ရတော့မှာပါ။ တစ်ဂိုးမှ မသွင်းနိုင်သေးဘဲ (၁၁)ဂိုးပေးထားရတဲ့ အယ်လ်အိန်းထက် ဝီဒတ်က ပိုမာကျောတောင့်တင်းပါတယ်။ ဝီဒတ် အနိုင်ရမှာပါ။
ဂျူဗင်တပ်စ် နှင့် မန်စီးတီး (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
အုပ်စုပထမနေရာ လုရမယ့်ပွဲဖြစ်ပြီး ဒီအတွက် ဂျူဗင်တပ်စ်က တစ်မှတ်ပဲ လိုပါတယ်။ ဒီပြိုင်ပွဲမှာ ဂျူဗင်တပ်စ်ရဲ့ ခြေစွမ်းကလည်း တည်ငြိမ်မှုအပြည့် ဖြစ်နေပါတယ်။ အုပ်စုဒုတိယဖြစ်ခဲ့ရင် ရီးယဲလ်နဲ့ ဆုံတွေ့ရဖို့ အလားအလာများတာကြောင့် နှစ်သင်းစလုံး ပထမနေရာကို ဦးတည်ယှဉ်ပြိုင်ကြမှာပါ။ သရေကျဖို့ များပါတယ်။
ဆာလ်ဇ်ဘာ့ဂ် နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် သောကြာနံနက် ရး၃၀ နာရီ)
ဒီအုပ်စုမှာ နောက်တစ်ဆင့်တက်ဖို့ (၃)သင်း မျှော်လင့်ချက်ရှိနေတာကြောင့် ရင်ခုန်စရာကောင်းနေပါတယ်။ ရီးယဲလ်နဲ့ ဆာလ်ဇ်ဘာ့ဂ်က နိုင်တဲ့အသင်း အုပ်စုပထမ ရရှိမှာဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ ပြိုင်ပွဲက ထွက်သွားရနိုင်ပါတယ်။ ဒါကြောင့် သတိထားကစားရမယ့်ပွဲဖြစ်ပြီး ဆာလ်ဇ်ဘာ့ဂ်အတွက်တော့ အနိုင်ရမှ စိတ်ချရမှာပါ။ ခြေစွမ်းအရတော့ ရီးယဲလ်အသင်း နိုင်ပွဲဆက်ဖို့ အလားအလာများပါတယ်။
အယ်လ်ဟီလာ နှင့် ပါချူကာ (မြန်မာစံတော်ချိန် သောကြာနံနက် ရး၃၀ နာရီ)
နှစ်မှတ်ရထားတဲ့ အယ်လ်ဟီလာအသင်းက နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်အပြည့် ရှိနေပါတယ်။ ရီးယဲလ်နဲ့ ဆာလ်ဇ်ဘာ့ဂ်ပွဲမှာ အရှုံးအနိုင်အဖြေထွက်ခဲ့ရင် ပါချူကာကို အနိုင်ရတာနဲ့ နောက်တစ်ဆင့်တက်မှာပါ။ တစ်ဖက်ပွဲမှာ သရေကျခဲ့ရင်တော့ ပါချူကာကို ဂိုးပြတ်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အယ်လ်ဟီလာအသင်း တိုက်စစ်ဖွင့်ကစားရမယ့်ပွဲ ဖြစ်နေပါတယ်။ ပါချူကာကလည်း ပွဲတိုင်းဂိုးပေးထားရတာကြောင့် အယ်လ်ဟီလာနဲ့ ဂိုးအများကို ရွေးချယ်ချင်ပါတယ်။