
ပြင်သစ်ကလပ် လိုင်လီအသင်းမှာ မေဂျာလိဂ်ကလပ် LAFC အသင်းမှာ ကစားနေတဲ့ ၀ါရင့် ပြင်သစ်တိုက်စစ်မှူး ဂျရူးကို ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ သိရပါတယ်။
အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ဂျရူးဟာ ၂၀၂၄ နွေရာသီမှာ အေစီမီလန်အသင်းနဲ့ လမ်းခွဲပြီး LAFC အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
ဂျရူးက ၂၀၂၅ ဒီဇင်ဘာအထိသာ LAFC အသင်းနဲ့ စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်မှာ ပုံမှန်ကစားခွင့်လည်း မရတာကြောင့် လိုင်လီအသင်းက ပြင်သစ်မြေဆီ ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဂျရူးက ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက ပြည်ပကလပ်အသင်းတွေမှာ လှည့်လည်ကစားနေခဲ့သူပါ။
လိုင်လီအသင်းဟာ ဂျရူးကို LAFC အသင်းမှာ ရရှိနေတဲ့ လစာနှုန်းထားမျိုးတော့ ပေးချေနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။